Thursday 2 May 2013

လူထဲက...လူ

လူ...ဆိုတာ
လူ...ကို
ကာကွယ်...ရမယ်။

တကယ်ဆို
“လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
လူဟာ...အဖြူအမည်း ခွဲခြားစရာမလိုဘူး
လူဟာ...ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
လူဟာ...မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။

ခုတော့ကွယ်...
လူ့မျက်နှာပျောက်နေတဲ့.....လူ
လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့...လူ
လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့...လူ
အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
အခြား...လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။

သြော်...
လူ...လူ့ ...လူး တွေကြောင့်
လူး..လွန့်...လွန်း...နေရတဲ့...လူ့ ဘဝတွေများကွယ်။




ရေးသားသူ- အိမ်ဝေးသူ (KZ)




0 comments:

Post a Comment