Saturday 17 August 2013

နေ့စွဲသစ်တိုင်းမှာ..
အကုသိုလ်တရားတွေ
အုံလိုက်ကျင်းလိုက် ငွေ့ရည်ဖွဲ့


ဘဝကို အမှန်အမှားသတ်ပုံစစ်ဖို့
ဒီနေ့ လည်း မသေချာဘူး
နက်ဖြန်လည်း မရေရာဘူး။

ဒါပေမယ့်
အတ္တကို ခွာချရင်း
အဝိဇ္ဇာတရား ကွဲပြားတဲ့တစ်နေ့


ကောင်းရာတွေချည်း စုဝေးရာ
သုဂတိဆိုတဲ့ ဘုံတစ်နေရာမှာ


တစ်ကိုယ်စာ အသက်ရှူရှောင်ဖို့အတွက်
ငါ့ဝိဥာဉ် တမ်းတလို့ နေတယ်။




ရေးသားသူ- အိမ်ဝေးသူ (KZ)




Wednesday 7 August 2013

ကောင်းတာတွေချည်း
ချင်ခြင်းတပ်ရင်း၊
အတ္တကျူးသူ...မဖြစ်လို။


အဆိုးတွေချည်း၊
ရှောင်သွေလွှဲရင်း၊
စိုးရိမ်ကြီးသူ...မဖြစ်လို။


စိုးရိမ်အတ္တ
နှစ်ခုကြားက
ကောင်းဆိုးနှစ်တန်၊
လောကဓံအား
ပညာအသိ
ဥာဏ်မျက်စိဖြင့်၊
တည့်တည့်ရှုရင်း
လမ်းမှန်၌သာ..တည်လို၏။




ရေးသားသူ- အိမ်ဝေးသူ (KZ)



Tuesday 2 July 2013

လောကမှာ 
မိမိကိုယ်ကိုတွေ့အောင် ရှာရသည်မှာ
လွန်စွာ ခက်ခဲလှ၏။ 

ထိုနည်းတူ 

မိမိကိုယ်ကိုကို မြင်အောင် ကြည့်တတ်ရန်လည်း 
အင်မတန် ခက်ခဲလွန်း၏ ..... ။



ရေးသားသူ- အိမ်ဝေးသူ (KZ)